ဤစာအုပ်သည် အစ္စလာမ့်အကြာင်းအကျဉ်းချုံး၍ မိတ်ဆက်ထားသည့်အလွန်အရေးပါသော စာအုပ်တစ်အုပ်ဖြစ်သည်။အစ္စလာမ်သာသနာတော်၏မူလအရင်းမြစ်များဖြစ်သည့်ကျမ်းမြတ်ကုရ်အာန်နှင့်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏စွန္နသ်လမ်းစဉ်တို့မှအစ္စလာမ်၏အခြေအမြစ်များ၊သင်ကြားပို့ချမှုများနှင့်အလှတရားများကိုရှင်းလင်းစွာတင်ပြထားပေသည်။ထို့ပြင်ဤစာအုပ်သည်အမိန့်နာခံရန်တာဝန်ရှိသော မွတ်စ်လင်မ်များနှင့်မွတ်စ်လင်မ်မဟုတ်သူများအတွက်အချိန်တိုင်းနေရာတိုင်းတွင် အခြေအနေအရပ်ရပ်နှင့်အညီဘာသာစကားအသီးသီးတို့ဖြင့်ညွှန်ကြားပြသပေးထားသောစာအုပ်ဖြစ်သည်။
သစ်လွင်မွတ်စ်လင်မ်တို့အတွက် လမ်းညွှန်ချက်အကျဉ်း။
မွတ်စ်လင်မ် ရင်သွေးငယ်များအတွက် သိမှတ်ဖွယ်ရာများ
ကုရ်အာန်ကျမ်းမြတ် မြန်မာ ဘာသာပြန်
အစ္စလာမ်၏ ရစူလ်တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)
IslamHouse.com - (ဗမာ)
အင်တာနက်ပေါ်တွင် ကမ္ဘာ့ဘာသာစကားအသီးသီးဖြင့် အစ္စလာမ်ကိုမိတ်ဆက်ပေးရန်အတွက်အကြီးမားဆုံးနှင့် ယုံကြည်ရဆုံးအခမဲ့ရည်ညွှန်းကိုးကားချက် https://islamhouse.com/my/main
အခြေခံဥပဒေသ (၃)ရပ်ဟူသည် မွတ်စ်လင်မ်တိုင်း သိနားလည်ထားရန် အရေးကြီးသည့် အခြေခံကျသည့် ဥပဒေသများဖြစ်ကြသည်။ ၎င်းတို့မှာ- ဥပဒေသ (၁) - ဖန်ဆင်းမွေးမြူတော်မူသော အရှင်အား သိရှိခြင်း။ ဥပဒေသ (၂) - အစ္စလာမ်သာသနာတော်ကို သိရှိခြင်း။ ဥပဒေသ (၃) - တမန်တော် မုဟမ္မဒ် (ﷺ) ကိုသိရှိခြင်း။
(၁) အလ္လာဟ်အရှင်မြတ် တည်ရှိတော်မူကြောင်း အီမာန်သက်ဝင်ယုံကြည်ခြင်း၊ (၂) မလာအိကဟ် ကောင်းကင်တမန်များကို အီမာန်သက်ဝင်ယုံကြည်ခြင်း၊ (၃) အရှင်မြတ်ချပေးခဲ့သည် ကျမ်းဂန်များကို အီမာန်သက်ဝင်ယုံကြည်ခြင်း၊ (၄) ရစူလ်တမန်တော်များကို အီမာန်သက်ဝင်ယုံကြည်ခြင်း၊ (၅) နောင်တမလွန်ဘဝတွင် ပြန်လည် ရှင်ပြန်ထရမည်ကို အီမာန်သက်ဝင်ယုံကြည်ခြင်း၊ (၆) ‘သက္ကဒီးရ်’အကောင်းအဆိုး သတ်မှတ်ချက်အား အီမာန်သက်ဝင်ယုံကြည်ခြင်း။
သွဟာရဟ် သန့်ရှင်းစင်ကြယ်မှုသည် ဆွာသ်၏သော့တံဖြစ်သောကြောင့် မွတ်စ်လင်မ်တိုင်း သွဟာရဟ် အစ္စလာမ်သာသနာတော်က သင်ပေးသော သန့်ရှင်းစင်ကြယ်မှုကို နားလည်တတ်ကျွမ်းရန်မှာ အလွန်ပင်အရေးကြီးသည်။
အကီဒဟ်ယုံကြည်ချက် သင်ခန်းစာများ - (ဗမာ)
ဤသည် အဟ်လွတ်စ် စွန္နဟ် ဝလ်ဂျမာအဟ် ၏အကီီဒဟ်ယုံကြည်ချက်များကို ပို့ချထားသော သင်ခန်းစာဖြစ်သည်။ မြန်မာမွတ်စ်လင်မ်အများစုသည် မာသုရီဒိယဟ် အကီဒဟ်ကို ယုံကြည် လက်ခံနေကြသည့်အတွက် အဟ်လွတ်စ် စွန္နဟ် ဝလ်ဂျမာအဟ် ၏အကီဒဟ်ကို နားလည်ယုံကြည်ရန် အလွန်အရေးကြီးပါသည်။
ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ
ဂုဏ်ယူစရာ အရဗီဘာသာ - (ဗမာ)
ဤသည် မက္ကဟ်မြို့တော်ရှိ မတ်စ်ဂျိဒုလ်ဟရာမ် ဝတ်ကျောင်းတော်တွင် ဟောကြားခဲ့သော ခွသ်ဗဟ်၏အကျဉ်းချုပ် ဘာသာပြန်ဖြစ်သည်။ ခွသ်ဗဟ်မိန့်ခွန်း၌ အရဗီဘာသာ၏အရေးကြီးပုံ၊ မွတ်စ်လင်မ်တိုင်းသည် ၎င်း အရဗီဘာသာနှင့်ပတ်သက်၍ လျစ်လျူရှုပုံများ၊ ၎င်းအရဗီဘာသာကို သင်ယူရန် မေ့လျော့နေခြင်းများကို တင်ပြပြီးနောက် စလဖ်ရှေးသူမွန်သူမြတ်တို့သည် အရဗီဘာသာကို သင်ယူရန် မည်သို့မည်ပုံရမ္မက်ထားခဲ့ကြောင်း ၊၎င်းအရဗီဘာသာကို မိမိတို့၏သားသမီးများကို သင်ပေးခဲ့ပုံများ၊ ဆုပေး ဒဏ်ပေးစနစ် ကျင့်သုံးခဲ့ပုံများကို တင်ပြထားသည်။